ဆေးပညာ နိုဘယ်ဆု ဆဲလ်ဇီဝပညာရှင်တွေ ရရှိ

  • 7 အောက်တိုဘာ 2013
Image caption ဆေးပညာ နိုဘယ်ဆုရ ဆဲလ် ဇီဝဗေဒ ပညာရှင် ၃ ဦး

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဆဲလ် ဇီဝဗေဒ ပညာရှင် ပါမောက္ခတွေ ဖြစ်ကြတဲ့ အမေရိကန် နိုင်ငံသား James Rothman ၊ Randy Schekman နဲ့ ဂျာမနီဖွား Thomas Sudhof တို့က ပူးတွဲ ရရှိသွားကြပါတယ်။

သူတို့တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ ဓာတု ပစ္စည်း သယ်ယူ ပို့ဆောင်ပုံကို လေ့လာ တွေ့ရှိခဲ့ကြ တာကြောင့် အခုလို ပူးတွဲ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဆဲလ်တွေကနေ အင်ဇိုင်းနဲ့ ဟော်မုန်းတွေလို မော်လီကျူးတွေကို ဘယ်နည်းဘယ်ပုံ ထုတ်လုပ်ပြီး လိုအပ်တဲ့ နေရာကို လိုအပ်တဲ့ အချိန်မှာ ဘယ်နည်းဘယ်ပုံ ပို့ဆောင်ပေးကြတယ် ဆိုတာကို သူတို့ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ဆီးချို ရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေနဲ့ ဆက်နွယ်ပြီး အဲဒီ ဆဲလ်တွေ၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေ ဘယ်လို အလုပ်လုပ်ကြတယ်ဆိုတာနဲ့ ပတ်သက်လို့ လေ့လာခဲ့ကြပါတယ်။