နန်းတော်ဝင်းထဲမှာ ဘောလုံးပွဲ ကျင်းပမယ်

  • 7 အောက်တိုဘာ 2013
Image caption နန်းတော် မြက်ခင်းပြင်ကို ဘောလုံးကွင်းအဖြစ် စည်းချနေစဉ်

လန်ဒန်မြို့က ဘတ်ကင်ဟမ် နန်းတော်ဝင်း အတွင်းမှာ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ဘောလုံးပွဲကို ဒီနေ့ ကျင်းပမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အဖြစ် အခုလို ကျင်းပတာ ဖြစ်ပြီး အပျော်တမ်း ၂ သင်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီလို ကျင်းပဖို့ စီစဉ်သူကတော့ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ်ရဲ့ အကြီးအကဲအဖြစ်သူ မင်းသား ဝီလျံ ဖြစ်ပါတယ်။

အခုအခါ နန်းတော် မြက်ခင်းပြင်ကို ဝင်ဘလေကွင်းက မြက်ရိတ်ထားတဲ့ ပုံစံ အတိုင်း ရိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီနေ့ကန်ကြမယ့် ၂ သင်းထဲက တစ်သင်းဖြစ်တဲ့ အစိုးရ အရာထမ်း ဘောလုံး အသင်း Civil Service FC ဟာ ဘောလုံး အဖွဲ့ချုပ် စထောင်ခဲ့တဲ့ ၁၈၆၃ ခုနှစ်က ဖွဲ့ခဲ့တဲ့ ၁၁ သင်းထဲက နောက်ဆုံး ကျန်တဲ့ အသင်း ဖြစ်ပါတယ်။