အီး-စီးကရက် ဥပဒေ EU ပါလီမန် ဆုံးဖြတ်

  • 8 အောက်တိုဘာ 2013
Image caption စီးကရက်အနံ့နဲ့ ထုတ်တဲ့ အီးစီးကရက်တွေကို တားမြစ်လိုက်

အီး-စီးကရက် ဆိုတဲ့ ဘက်ထရီဓာတ်ခဲသုံးပြီး အရည်တစ်မျိုးကို အငွေ့ထွက်လာစေတဲ့ ဆေးလိပ်ဟာ တိုဘက်ကိုဆေး ဖြစ်တာကြောင့် ရောင်းချမှုတွေကို ကန့်သတ်ဖို့ တင်သွင်းတဲ့ ဥပဒေမူကြမ်းကို ဥရောပ ပါလီမန်က အချို့အချက်တွေကို ပယ်ချပြီး အချို့ကို အတည်ပြုလိုက်ပါတယ်။

အီး-စီးကရက်ကို ဆေးဝါးထုတ်ကုန် ပစ္စည်းတစ်မျိုးအဖြစ် ထိန်းချုပ်ဖို့နဲ့ ဒါကို စီးကရက်တစ်မျိုး အနေနဲ့ ရောင်းချမှုတွေကို တားမြစ်ဖို့ အဆိုပြုချက်ကိုတော့ ပါလီမန်က ပယ်ချခဲ့ပါတယ်။

စီးကရက် အနံ့နဲ့ ထုတ်တဲ့ အီးစီကရက်တွေကို တားမြစ်ဖို့ကိုတော့ ဥရောပ ပါလီမန်က အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဒါကို ချက်ချင်း အကောင် အထည်ဖော် ဆောင်ရွက်မှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။။

အီး-စီးကရက်ရဲ့ ဘူးခွံ အပြင်ဘက် ၇၅ ရာခိုင်နှုန်း နေရာမှာ ကျန်းမာရေးကို ထိခိုင်စေနိုင်တယ် ဆိုတဲ့ သတိပေးချက် ထည့်ဖို့ အဆိုပြု တင်သွင်းခဲ့တာကိုလည်း ဥရောပ ပါလီမန်က ဘူးခံ အပြင်ဘက် ၆၅ ရာခိုင်နှုန်း နေရာမှာသာ သတိပေးချက် ထည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။