အီတလီက နိုင်ငံတော် စျာပန ကျင်းပပေးမယ်

  • 9 အောက်တိုဘာ 2013
Image caption သေဆုံးသွားသူတွေရဲ့ ခေါင်းတလားတွေ

အီတလီ နိုင်ငံ ဝန်ကြီးချုပ် Enrico Letta က လမ်ပီဒူစာ ကျွန်းအနီး သင်္ဘောနစ်မြုပ်ခဲ့မှုမှာ သေဆုံးခဲ့ကြသူတွေ အတွက် နိုင်ငံတော်စျာပန ကျင်းပမယ်လို့ ပြောပါတယ်။

အီတလီနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ အာဖရိကက ရွှေ့ပြောင်းလာကြသူတွေကို တင်လာတဲ့ သင်္ဘော ပြီးခဲ့တဲ့အပတ်က နစ်မြုပ်ခဲ့လို့ လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ လက်တာဟာ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso အပါအဝင် ဥရောပ အဆင့်မြင့် ခေါင်းဆောင်တွေ ပါတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့အတူ လမ်ပီဒူစာ ကျွန်းကို သွားရောက်နေပါတယ်။

အဲဒီ အဖွဲ့က ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကို စီတန်းထားရှိတဲ့ လေယာဉ်ရုံဆီကိုလည်း သွားရောက်ခဲ့ကြပါတယ်။

မစ္စတာ ဘာရိုဆိုက ဥရောပရဲ့ နယ်စပ်မှာ လူတွေ ထောင်နဲ့ချီပြီး သေဆုံးကြရတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ပြောပါတယ်။

အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် အီတလီအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၄၀ နောက်ထပ် ပေးမယ်လို့လည်း ကြေညာပါတယ်။