ဂျပန် နျူအဆိပ်သင့် ရေတွေ လူ ၆ဦး ထိတွေ့မိ

  • 9 အောက်တိုဘာ 2013
Image caption လွန်ခဲ့တဲ့ ၂ နှစ် ထိခိုက်မိစဉ်က စပြီး ပြဿနာတွေ ဆက်တိုက် ကြုံနေရ

ဂျပန် နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား နျူးကလီးယား စွမ်းအင် စက်ရုံက ထွက်တဲ့ ဓာတ်ရောင်ခြည်သင့်နေတဲ့ ရေတွေကို စက်ရုံ အလုပ်သမား ၆ ယောက်က မတော်တဆ ထိတွေ့မိသွားခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ဟာ ပိုက်လိုင်းကို မှားယွင်းပြီး ဖြုတ်ခဲ့မိတဲ့ အတွက် ဖြစ်ပါတယ်။

အဲဒီ ပိုက်ထဲမှာ စက်ရုံထဲက ပျက်စီးသွားတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုကို အအေးပေးရာမှာ သုံးတဲ့ ဓာတ်ရောင်ခြည်သင့် ရေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီပြဿနာကို တစ်နာရီနီးပါး ကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။

အခုအကြိမ်ဟာ သီတင်း တစ်ပတ်အတွင်း လူရဲ့ အမှားကြောင့် ဖြစ်ရတဲ့ ၃ ခု မြောက် ပြဿနာ ဖြစ်ပြီး စက်ရုံ လည်ပတ်ရေး တာဝန်ယူရတဲ့ Tokyo Electric Power Company ကို ဝေဖန် ပြောဆိုမှုတွေ ပိုမို ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က မြေငလျင်ကြောင့် ဆူနာမီ ဒီလှိုင်းကြီး ဖြစ်ခဲ့ရာမှာ ဖူကူရှီးမား နျူကလီးယား စက်ရုံကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။