အာကာသယာဉ်မှူး ကာပင်တာ ကွယ်လွန်

  • 11 အောက်တိုဘာ 2013
sp_scott_carpenter
Image caption ကမ္ဘာမြေကနေ အပြီးခွာသွားတဲ့ အာကာသယာဉ်မှူး ကာပင်တာ

အမေရိကန်ရဲ့ ပထမဆုံး အာကာသ ယာဉ်မှုးတွေ ထဲက တယောက် ဖြစ်တဲ့ စကော့ ကာပင်တာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။

သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ လေဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ သူ့ဇနီးသည်က ပြောပါတယ်။

မစ္စတာ ကာပင်တာဟာ ပထမဆုံး စမ်းသပ်ခဲ့တဲ့ မာကျူရီ အာကာသ အစီအစဉ် အတွက် ကနဦး ပါဝင်ခဲ့တဲ့ အာကာသယာဉ်မှုး ၇ ဦးထဲက တဦးဖြစ်ပါတယ်။

သူဟာ ကမ္ဘာမြေကို အာကာသယာဉ်နဲ့ ပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန်အာကာသ ယာဉ်မှူး ဂျွန်ဂလင်းရဲ့ လက်ထောက် အဖြစ်လုပ်ခဲ့ပြီး ကိုယ်တိုင်လည်း ၁၉၆၂ ခုနှစ်မှာ အာကာသထဲ သွားခဲ့ပါတယ်။