သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်

  • 10 အောက်တိုဘာ 2013
Musharraf
Image caption သမ္မတဟောင်း မူရှာရက်ဖ်

ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။

အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတာတပါ။

သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။

ဗုဒ္ဓဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာ မူရှာရက်ဖ် ရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲက တခုဖြစ်တဲ့ သူပုန်ခေါင်းဆောင် တယောက် အသတ်ခံရမှုမှာ သူ့ကို အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုနောက်ဆုံး စွဲချက်ကို ပယ်ချလိုက်ပြီး အဲဒီ ဗလီကို ဝင်စီးမှုဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ