ပါကစ္စတန် ဆယ်ကျော်သက် ဆာခါရော့ဘ်ဆု ရရှိ

  • 10 အောက်တိုဘာ 2013
Image caption သေနတ်နဲ့ အပစ်ခံရပြီးနောက် ယူကေနိုင်ငံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့

မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရေး လှုံဆော်စည်းရုံးခဲ့လို့ တာလီဘန်တွေရဲ႕ သေနတ်နဲ့ ပစ်ခတ်မှုကို ခံခဲ့ရတဲ့ ပါကစ္စတန်က ဆယ်ကျော်သက် မာလာလာ ယုဆပ်ဖ်ဇိုင် ဟာ ဥရောပ သမဂ္ဂက နှစ်စဉ် ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆာခါရော့ဘ်ဆုကို ဆွတ်ခူး ရရှိသွားပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ မနှစ်တုန်းက ကျောင်းအသွား သေနတ်သမားတွေက ကျောင်းကားပေါ် တက်လာပြီး မာလာလာကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောခဲ့ပြီး မိန်းကလေးတွေ ပညာရေးအတွက် နှုတ်ပိတ်နေမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဆိုဗီယက်က သိပ္ပံပညာရှင်လည်းဖြစ်၊ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူလည်းဖြစ်တဲ့ အန်ဒရီ ဆာခါရော့ဘ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လွတ်မြောက်ခွင့်ရရေး လှုပ်ရှားသူတွေကို ဥရောပ ပါလီမန်က ဆာခါရော့ဘ် ဆု နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။