နာရီပိုင်းလောက် ပြန်ပေးဆွဲသွားတာဟာ အာဏာသိမ်းမှုလို့ ဇေဒန်းပြော

  • 12 အောက်တိုဘာ 2013
Image caption လစ်ဗျား ဝန်ကြီးချုပ် အလီ ဇေဒန်း

လစ်ဗျား ဝန်ကြီးချုပ် အလီဇေဒန်းက ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းက သူ့ကို နာရီပိုင်းလောက် ပြန်ပေးဆွဲသွားတာဟာ ပါလီမန်ထဲက အမည်မဖော်ပြထားတဲ့ နိုင်ငံရေး ပါတီတခုရဲ့ လက်ချက်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူတွေက သူတို့ နောက်ကွယ်က ကြိုးကိုင်နေသူကို ရှင်းရှင်းလင်းလင်း ပြောသွားခဲ့ပြီး ဒီလုပ်ရပ်ဟာ အာဏာသိမ်းမှုဘဲလို့ မစ္စတာ ဇေဒန်းက သူ့အစိုးရ အဖွဲ့ဝင်တွေ ခြံရံပြီး နိုင်ငံတဝှမ်းကို မိန့်ခွန်းပြောရာမှာ ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ပါလီမန်ထဲက လူနည်းစု အမတ်တွေဟာလည်း အန္တရယ်ပေးနိုင်တဲ့ လူတွေဘဲလို့ သူက ပြစ်တင် ပြောဆိုခဲ့ပါတယ်။

လစ်ဗျားမှာ ကာလရှည်ကြာ ကတည်းက အုပ်ချုပ်ရေး အဖွဲ့အတွင်း အားပြိုင်မှုတွေ ရှိနေတယ် ဆိုတာကို သူပြောကြားချက်တွေက ပြသနေပြီး ဒါတွေက နိုင်ငံရေး ဖြစ်စဉ် တိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်လို့ ထရစ်ပိုလီမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ ဇေဒန်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အစောပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရပြီး နာရီပိုင်း အကြာမှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။