ငြိမ်းချမ်းရေး နိုဘဲယ်ဆု OPCW အဖွဲ့ ရရှိ

  • 11 အောက်တိုဘာ 2013
Image caption ၁၉၉၇ ခုနှစ် ဓာတု လက်နက် တားမြစ်ရေး စာချုပ်ကို အကောင် အထည်ဖေါ် ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းခဲ့

ဆီးရီးယား နိုင်ငံမှာ ဓာတု လက်နက် ဖျက်သိမ်း ရေး အတွက် အခု လက်ရှိ ကြီးကြပ် ဆောင်ရွက် နေတဲ့ OPCW ဓာတု လက်နက် တားမြစ်ရေး အဖွဲ့ ကို ငြိမ်းချမ်းရေး နိုဘဲယ်ဆု ချီးမြှင့်လိုက် ပါတယ်။

OPCW အဖွဲ့ရဲ့ ဓာတု လက်နက် ဖယ်ရှားရေး အပြင်း အထန် ကြိုးပမ်း ဆောင်ရွက် ချက်တွေ အပေါ် ဂုဏ်ပြု ချီးမြှင့် တာ ဖြစ်တယ်လို့ နိုဘဲယ်ဆုပေးရေး အဖွဲ့ က ပြောပါတယ်။

နယ်သာလန် နိုင်ငံ the Hague မြို့ အခြေစိုက် ဒီအဖွဲ့ကို ၁၉၉၇ ခုနှစ် ဓာတု လက်နက် တားမြစ်ရေး စာချုပ်ကို အကောင် အထည်ဖေါ် ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ ကနေ ဆီးရီးယားက ဓာတု လက်နက်တွေ ဖျက်သိမ်းရေး အတွက် ကျွမ်းကျင် သူတွေကို မကြာသေးခင် ကမှ စေလွှတ် ခဲ့တာ ဖြစ်ပါတယ်။

OPCW အဖွဲ့ဟာ ငြိမ်းချမ်းရေး နိုဘဲယ်ဆု ရွှေတံဆိပ် တခုနဲ့ အတူ ဆွီဒင်ငွေ ခရိုနာ ၈ သန်းကို ရရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ