ဖမ်းဆီးခံ သာသနာပြုရဲ့ မိခင် မြောက်ကိုရီးယားကို ရောက်ရှိ

  • 11 အောက်တိုဘာ 2013
Image caption မိခင်ဖြစ်သူ မြောင်ဂီဘေးဟာ သူ့သား လွတ်မြောက်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်

မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရပြီး အခု ဆေးရုံတင်ထားရတဲ့ ခရစ်ယာန် သာသနာပြု တစ်ဦးရဲ့ မိခင်ဖြစ်သူဟာ မြောက်ကိုရီးယားကို ရောက်ရှိလာပြီး သူ့သား တက်နေတဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။

သူ့သားရဲ့ ကျန်းမာရေးဟာ အရင်လောက် မဆိုးတော့ ပေမယ့်လို့ နေမကောင်းတော့ ဖြစ်နေဆဲလို့ ပြောပါတယ်။

ခရစ်ယာန် သာသနာပြု တစ်ဦးဖြစ်တဲ့ ကန်နက်ဘေး ဆိုသူ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသားဟာ မြောက်ကိုရီးယား အစိုးရကို ဆန့်ကျင်တဲ့ အဖျက်အမှောက် လုပ်ရပ်တွေ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မေလတုန်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ မြောင်ဂီဘေး ဟာ အမေရိကန်ကနေ မထွက်ခွင်က သူ့သားရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော်ကလေး စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူမဟာ မြောက်ကိုရီးယားမှာ ၅ ရက်ကြာ နေထိုင်ဖို့ စီစဉ်ထားပါတယ်။