အိန္ဒိယ အရှေ့ဖက် ကမ်းရိုးတမ်းမှာ ဖိုင်လင်း ဝင်မွှေ

  • 13 အောက်တိုဘာ 2013
Image caption မုန်တိုင်းသင့် ဒုက္ခသည်တွေ အိုးအိမ် စွန့်ခွာပြေးရ

အိန္ဒိယ နိုင်ငံ အရှေ့ဖက် ကမ်းရိုးတမ်းမှာ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက် တိုက်ခတ် ခဲ့တာကြောင့် လူငါးသိန်းလောက် အိုးအိမ် စွန့်ခွာ ပြေးခဲ့ရပါတယ်။

တနာရီ လေတိုက်နှုန်းဟာ ကီလိုမီတာ နှစ်ရာလောက် ရှိပြီး လေပြင်းဒဏ်ကြောင့် သစ်ပင်တွေ ပြိုလဲကာ မီးလိုင်းတွေ ပျက်တောက်ပြီး အပျက်အစီး အပိုင်းအစ တွေနဲ့ ဆိုင်းဘုတ်တွေလဲ လေထဲ လွှင့်ပျံ့နေပါတယ်။

၁၉၉၉ ခုနှစ်တုန်းက သြရိသ ပြည်နယ်မှာ မဟာ ဆိုင်ကလုန်း မုန်တိုင်းတခု ဝင်မွှေခဲ့ဖူးလို့ လူတသောင်းကျော် သေဆုံးခဲ့ရပြီး ဒီတခါတော့ မုန်တိုင်း အန္တရယ် ကာကွယ်ဖို့ ကောင်းကောင်း ပြင်ဆင်ထားပြီးပြီလို့ အိန္ဒိယ အစိုးရက ပြောပါတယ်။

လတ်တလော အခြေအနေမှာ မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူငါးယောက် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

ဖိုင်လင်းလို့ အမည်ပေးထားတဲ့ ဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ အိန္ဒိယ နိုင်ငံ သြရိသ ပြည်နယ်က တဆင့် အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ကိုဝင်ရောက်ခဲ့ပြီး နာရီ အတန်ကြာ အင်အားကောင်း နေလိမ့်မယ်လို့ ယူဆ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ