ဆီးရီးယား ဆွေးနွေးပွဲ သူပုန်ညွန့်ပေါင်း မတက်

  • 13 အောက်တိုဘာ 2013
Image caption ပြည်တွင်းစစ်ကြောင့် လူတစ်သိန်းသေခဲ့ပြီ

ဂျနီဗာမှာလုပ်မယ့် ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲရေး ဆွေးနွေးပွဲကို သူတို့ တက်ရောက်မှာ မဟုတ်ဘူးလို့ ဆီးရီးယားရဲ့ အကြီးဆုံး သူပုန်ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ ဆီးရီးယား အမျိုးသားကောင်စီက ပြောလိုက်ပါတယ်။

တကယ်လို့ စေ့စပ်ဆွေးနွေးပွဲမှာ အမျိုးသား ကောင်စီ ပါဝင် ခဲ့မယ် ဆိုရင် သူနှုတ်ထွက်မယ်လို့ ကောင်စီဥက္ကဌ ဂျော့ချ် ဆာဘရာ ကပြောပါတယ်။

ဆီးရီးယား ပြည်သူတွေ ဆက်လက်ပြီး ဒုက္ခခံစားနေရဆဲ ဖြစ်လို့ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာလို့ သူကဆိုပြီး သမ္မတ ဘာရှား အယ်လ် အာဆတ် ရာထူးက နှုတ်ထွက် မပေးမချင်း မဆွေးနွေးနိုင်ဘူးလို့ ပြောပါတယ်။

အချိန်တော်တော်ကြာ နှောင့်နှေးခဲ့ရတဲ့ ဂျနီဗာ ဆွေးနွေးပွဲကို နောက်လမှာ ပြုလုပ်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားတို့က အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားပဋိပက္ခကြောင့် သေဆုံးရသူ ဦးရေ တသိန်းရှိသွားပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။