ဗုံးခွဲခံရလို့ အာဖဂန် ပြည်နယ်မှူး သေဆုံး

  • 15 အောက်တိုဘာ 2013
Image caption သေဆုံးသွားတဲ့ အာဖဂန် လိုဂါ ပြည်နယ် အုပ်ချုပ်ရေးမှူး

မိုက်ခရိုဖုန်းထဲ ဗုံးထည့် ဖောက်ခွဲမှုကြောင့် အာဖဂန် နိုင်ငံ အရှေ့ပိုင်း လိုဂါ ပြည်နယ် အုပ်ချုပ်ရေးမှူး Arsala Jamal သေဆုံးခဲ့ပါတယ်။

အိဒ် ပွဲတော်နေ့ ဝတ်ပြု ဆုတောင်းသူတွေကို ဗလီ ထဲမှာ စကားပြောနေတုန်း မစ္စတာ ဂျမား ဗုံးခွဲ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းနဲ့ နီးစပ်ပြီး ၂ဝဝ၉ သမ္မတ ရွေးကောက်ပွဲ တုန်းက ကာဇိုင်းရဲ့ မဲဆွယ်ရေးမှူး လုပ်ခဲ့တဲ့ မစ္စတာ ဂျမားကို စစ်သွေးကြွ တွေက အဓိက ပစ်မှတ်ထား တိုက်ခိုက် နေခဲ့ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အိဒ်ပွဲတော် အတွင်း ဗလီကို တိုက်ခိုက်တဲ့ တာလီဘန် တွေကို အစ္စလာမ်ရဲ့ လူမဆန်တဲ့ ရန်သူတွေလို့ သမ္မတ ကာဇိုင်းက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ