ဗြိတိန်နဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်

  • 15 အောက်တိုဘာ 2013
Image caption ဘေဂျင်းမှာ ပြုလုပ်တဲ့ သဘောတူ လက်မှတ်ထိုးပွဲ

ဗြိတိန် နဲ့ တရုတ် ၂ ပြည်ထောင်ကြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒေါ်လာ ၁၂ ဘီလျံတန် ကနဦး စီမံကိန်းအရ ဗြိတိသျှ စီးပွားရေး သမားတွေ တရုတ် စျေးကွက်မှာ တိုက်ရိုက် ရင်းနှီး မြှုပ်နှံ နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဗြိတိန် ပြည်တွင်းကို ငွေကြေးတွေ စီးဝင်လာစေဖို့ ဗြိတိန် အခြေစိုက် တရုတ် ဘဏ်တိုက်တွေ အပေါ် ထိန်းချုပ်ထားမှုတွေကိုလည်း လျှော့ပေါ့ပေးခဲ့ပါတယ်။

တရုတ် ရင်းနှီး မြှုပ်နှံမှုတွေ တိုးဝင်လာဖို့ ကြိုးစားနေတဲ့ ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စ်ဘွန်း က ဒီသဘောတူညီချက်ကို ဘေဂျင်း မြို့တော်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ