ဂျပန် တိုင်ဖွန်း ဝီဖာ၊ ၁၇ ဦးကျော် သေဆုံး

  • 16 အောက်တိုဘာ 2013
Image caption ၁၇ ဦး သေဆုံးပြီး ၅၀ လောက် ပျောက်ဆုံးနေဆဲ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဝီဖာ ဝင်ရောက် တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၀ လောက်ကတော့ ပျောက်ဆုံးနေပါတယ်။

မုန်တိုင်းဟာ ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ရှိတဲ့ နိုင်ငံ အရှေ့ မြောက်ဘက်ကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံထဲ နောက်ထပ် ရေကြီးမှုတွေကို တားဆီးနိုင်ဖို့ စက်ရုံကို တာဝန်ယူထားတဲ့ တက်ပ်ကို ကုမ္ပဏီဟာ မိုးရေတွေကို စက်ရုံထဲကနေ စက်နဲ့ စုပ်ထုတ်နေပါတယ်။

စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေတာကြောင့် နိုင်ငံတလွှား လမ်းပန်း ဆက်သွယ်မှုတွေကို ထိခိုက်မှု ရှိနေပါတယ်။

သေဆုံးမှု အများဆုံးကတော့ တိုကျိုမြို့ တောင်ဘက်ပိုင်းက အိုရှိမာ ကျွန်းမှာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ မြေပြိုမှုတွေ ရှိလို့ အိမ်ပေါင်း ဒါဇင်နဲ့ချီ မြေကြီး ဖုံးလွှမ်းခံရပြီး တချို့အိမ်တွေလည်း မြစ်ရေတက်လို့ ရေထဲ မျောပါသွားခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ