အမေရိကန် ကြွေးမြီအကျပ်အတည်း ညှိနှိုင်းဆဲ

  • 16 အောက်တိုဘာ 2013
Image caption ကြာသပတေးနေ့ ညသန်းခေါင် နောက်ဆုံးထား ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကြွေးမြီ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ဒီကနေ့ နှောင်းပိုင်းမှာ အမေရိကန် ကွန်ဂရက်မှာ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။

မနက်ဖြန် ညသန်းခေါင်အချိန် နောက်ဆုံးထားပြီး မဖြေရှင်းနိုင်ရင်တော့ အမေရိကန်ဟာ ကြွေးပေးရန် ပျက်ကွက်တဲ့ default အခြေအနေကို ရောက်ရှိမှာ ဖြစ်ပြီး ဒါကို တားဆီးနိုင်ဖို့ အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာနေပါတယ်။

မနေ့ကတော့ ဆီးနိတ်အထက်လွှတ်တော်က ဒီမိုကရက်နဲ့ ရီပါဘလီကန် ခေါင်းဆောင်တွေဟာ အစိုးရ ချေးယူနိုင်မယ့် ငွေပမာဏကို တိုးမြှင့်ရေးအတွက် သဘောတူဖို့ နီးကပ်လာနေပြီ လို့ ပြောပါတယ်။

အစောပိုင်းတုန်းက အောက်လွှတ်တော် ရီပတ်ဘလီကန်တွေဟာ သူတို့ရဲ့ ဥပေဒကြမ်းကို ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သီးခြား တင်ပြချက် နှစ်ခုကို သဘောမတူနိုင်ခဲ့တဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ