ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင် ၇ နိုင်ငံ တိုး

  • 16 အောက်တိုဘာ 2013
Image caption ချီလီ တိုက်စစ်မှူး ဆန်ချက်စ် အီကွေဒေါဘက်ကို ဂိုးသွင်းအပြီး အောင်ပွဲခံစဉ်။

လာမယ့်နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် နောက်ထပ် နိုင်ငံအသင်း ၇ သင်း ထပ်မံ ခြေစစ်ပွဲ အောင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဥရောပဇုန်မှာ အသင်းကြီးတွေဖြစ်တဲ့ လက်ရှိချန်ပီယံ စပိန်၊ အင်္ဂလန်၊ ရုရှားတို့ အပြင် ဘော့စနီးယား ကလည်း ပထမဆုံး အကြိမ်အဖြစ် ခြေစစ်ပွဲ အောင်လာပါတယ်။

တောင်အမေရိက ဇုန်မှာတော့ ချီလီနဲ့ အီကွေဒေါ နိုင်ငံတို့ကလည်း နောက်ဆုံး ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ ဖြစ်လာပါတယ်။

အမေရိကန် အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဇုန်မှာတော့ ဟွန်ဒူရပ်စ် အသင်းလည်း ခြေစစ်ပွဲအောင်ခဲ့ပြီး မက္ကဆီကိုကတော့ နယူဇီးလန်နဲ့ ပြန်လည် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ