ဗြိတိန် နျူစက်ရုံအတွက် တရုတ်ကို ဖိတ်ခေါ်

  • 17 အောက်တိုဘာ 2013
Image caption တရုတ်ပြည်ရောက်ခိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့တဲ့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ဂျော့ချ်အော့စ်ဘွန်း

ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စ်ဘွန်းက ယူကေမှာ နောင်မျိုးဆက်သစ်တွေအတွက် နျူကလီးယား စွမ်းအင် စက်ရုံ တည်ဆောက်မှု တွေမှာ တရုတ် ကုမ္ပဏီတွေကို ရင်းနှီးမြုပ်နှံခွင့် ပြုမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီတွေ အနေနဲ့ ဘဏ္ဍာရေး ထောက်ပံ့တာ၊ စက်ရုံတည်ဆောက် လည်ပတ်တာတွေ အပြင် အဲဒီလုပ်ငန်းမှာ ရှယ်ယာ အများစုကိုတောင် ပိုင်ဆိုင်နိုင်ကြပါတယ်လို့ သူက တရုတ် နိုင်ငံကို ရောက်ခိုက် ပြောသွားခဲ့ပါတယ်။

လက်ရှိမှာ ပါကစ္စတန် တစ်နိုင်ငံတည်းမှာပဲ တရုတ်က နျူကလီးယား စက်ရုံ တည်ဆောက်နေတာ ဖြစ်ပါတယ်။

တရုတ်က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့် လုပ်ဆောင်နေချိန်မှာ ဗြိတိန်မှာလည်း လာရောက်မြှုပ်နှံဖို့ မစ္စတာ အော့စ်ဘွန်းက ဆန္ဒရှိနေတာ ဖြစ်ပေမယ့် သမဂ္ဂတွေကတော့ လုံခြုံစိတ်ချ ဘေးကင်းရေးအတွက် ပွင့်လင်း မြင်သာမှု မရှိတဲ့ အပေါ် စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ