သြစတြေးလျ တောမီး ဆုံးရှုံးမှု ကြီးမား

  • 18 အောက်တိုဘာ 2013
Image caption တချို့နေရာတွေမှာ ခုထိ မငြှိမ်းနိုင်သေး။

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ် မှာ တောမီးလောင်ကျွမ်းခဲ့လို့ လူတစ်ဦး သေဆုံး သွားပြီး ရာနဲ့ချီတဲ့ အိမ်တွေ မီးလောင် ပျက်စီး သွားတယ်လို့ ယူဆရပါတယ်။

အခုလို အချိန် တောမီးလောင်တာဟာ ဖြစ်လေ့ဖြစ်ထ မရှိဘဲ ရာသီဥတုကလည်း သောကြာနေ့မှာ အေးနေ တာ ဖြစ်ပါတယ်။

တချို့ မီးလောင်နေတာတွေကို အခုအချိန်အထိ မထိန်းနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူပေါင်း ထောင်နဲ့ချီပြီး ကယ်ဆယ်ရေး ဌာနတွေမှာ တစ်ညလုံး သွားရောက် နေခဲ့ကြရပါတယ်။ မီးခိုးငွေ့တွေဟာလည်း ဆစ်ဒနီ မြို့ နေရာအချို့ကို ဖုံးလွှမ်းထားပါတယ်။

အခုတောမီးကြောင့် ပျက်ဆီးဆုံးရှုံးရမှုတွေဟာ အလွန် ကြီးမားပါတယ်လို့ နယူးဆောက်ဝေး ပြည်နယ် ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဌာန ဆိုင်ရာ ဝန်ကြီး မိုက်ကယ် ဂယ်လက်ချာက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ