ဆာဒူးကြီး အိပ်မက်အရ အိန္ဒိယ ရွှေရှာဖွေ

  • 18 အောက်တိုဘာ 2013
Image caption အစိုးရက ရတနာရှာနေလို့ လူတွေ စိတ်ဝင်စားနေတဲ့ နန်းတော်ဟောင်း

အိန္ဒိယနိုင်ငံ အက်တာ ပရာဒက်ရှ် ပြည်နယ်က ပျက်စီးနေတဲ့ နန်းတော် တစ်ခုရဲ့ အောက်မှာ ရွှေတန်ချိန် ၁ ထောင် မြှုပ်နှံထားတယ်လို့ ဟိန္ဒူ ဆာဒူးကြီး တစ်ဦးကနေ အိပ်မက်ရတဲ့ အတွက် အိန္ဒိယ အစိုးရ ရှေးဟောင်း သုတေသီ အဖွဲ့ တစ်ဖွဲ့ဟာ ရတနာ ရှာဖွေမှုတွေကို စတင် ပြုလုပ် နေပါတယ်။

ရှိုဘန် ဇာကာ လို့ အမည်ရတဲ့ ဆာဒူးကြီးက ဒီ ရွှေ တွေဟာ ၁၉ ရာစုက ဘုရင် ရောင်ရမ်ဘက်စ်ဆင်းဂ် ပိုင်ဆိုင်တာလို့ အိပ်မက်ရကြောင်း ပြောပါတယ်။

သူ အခုလို အိပ်မက်မက်တာကို အစိုးရ ဝန်ကြီး တစ်ဦးကို ပြောပြရာကနေ အခုတော့ အရာရှိတွေဟာ အဲဒီ နန်းတော်ပျက် နေရာကို လေ့လာ ဆန်းစစ်မှုတွေ လုပ်ပြီး တူးဖော်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို လုပ်နေတာကို အိန္ဒိယ တဝန်း အများအပြား ဝေဖန်နေကြပေမယ့်လို့ ဒီသတင်းကြောင့် စပ်စုလိုတဲ့ သူတွေကိုတော့ ဒီနေရာကို လာရောက်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ