ပီကင်း တက္ကသိုလ် ပါမောက္ခ ဖယ်ရှားခံရ

  • 19 အောက်တိုဘာ 2013
Tiananmen
Image caption တရုတ်ပြည်မှာ အစိုးရ ဆန့်ကျင်သူ တွေ နှိမ်နင်းခံရဆဲ

တရုတ် အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားလေ့ ရှိတဲ့ တရုတ် ထိပ်တန်း တက္ကသိုလ် တခုက စီးပွားရေး ပါမောက္ခ တယောက် ရာထူးက ဖယ်ရှား ခံခဲ့ရပါတယ်။

ပီကင်း တက္ကသိုလ်က စီးပွားရေး ပါမောက္ခ Xia Yeliang က သူခုလို ထုတ်ပယ် ခံရတာဟာ သူ့ရဲ့ နိုင်ငံရေး အမြင်တွေ ကြောင့်လို့ ယူဆ ထားပြီး ဒီထုတ်ပယ်မှုဟာ တရုတ် အတိုက်အခံ တွေကို ဆက်တိုက် နှိပ်ကွပ်မှုရဲ့ ပြယုဂ်လို့ ပြောဆို နေကြပါတယ်။

ပီကင်း တက္ကသိုလ်နဲ့ နီးစပ်တဲ့ အမေရိကန် နိုင်ငံ ဝက်စလီယံ ကောလိပ်က ပညာရှင် တွေက ဒီလို ထုတ်ပယ်တာ မလုပ်ဖို့ ပီကင်း တက္ကသိုလ် အာဏာပိုင် တွေကို စာရေးသား တောင်းဆို ကြပါတယ်။

တရုတ် သမ္မတသစ် Xi Jinping လက်ထက်မှာ အစိုးရကို ဝေဖန်သူ တွေကို ဆက်လက် ဖမ်းဆီး နှိမ်နင်း နေဆဲ ဖြစ်ကြောင်း ဘီဘီစီ အာရှ ရေးရာ အယ်ဒီတာက မှတ်ချက်ပေးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ