မောလ်ဒိုက် ရွေးကောက်ပွဲ ဟန့်တားခံရ

  • 19 အောက်တိုဘာ 2013
maldives
Image caption အပန်းဖြေကျွန်း အဖြစ် ထင်ရှားတဲ့ မောလဒိုက်

ဒီကနေ့ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ ကျင်းပ ဖြစ်အောင် ဖေးမဖို့ မောလ်ဒိုက် ပင်မ အတိုက်အခံ ပါတီက နိုင်ငံတကာကို တောင်းဆို ထားပါတယ်။

ဝင်အရွေးခံမယ့် သမ္မတလောင်း ၃ ယောက် အနက် ၂ ယောက် မှာ မဲစာရင်း မှတ်ပုံတင် မရှိသေးလို့ ဆိုပြီး ရွေးကောက်ပွဲ မင်းကြီးရုံး ကနေ မဲပြားတွေ အပြင် မယူရ အောင် ရဲတွေက တားဆီး ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ဒီမိုကရေစီ အမှောင်ဖုံးတဲ့ နေ့လို့ ရွေးကောက်ပွဲ မင်းကြီးချုပ်က ပြောကြား လိုက်ပါတယ်။

စက်တင်ဘာ လက ကျင်းပတဲ့ ပထမကျော့ ရွေးကောက်ပွဲမှာ မသမာဘူးလို့ စွပ်စွဲ ခံရတာတွေ ရှိတယ် ဆိုပြီး အရင်ပတ်ကပဲ တရား လွှတ်တော်ချုပ်က ပယ်ဖျက် ခဲ့ပါတယ်။

ဒါပေမဲ့ ဒီ ရွေးကောက်ပွဲကို တရားမျှတ ပါပေတယ် ဆိုပြီး နိုင်ငံတကာ အကဲခတ်တွေက ချီးကျူး နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ