တိုက်တန်းနစ် တယော လေလံတင်

  • 19 အောက်တိုဘာ 2013
Wallace Hartley
Image caption တယောဆရာ Wallace Hartley

၁၉၁၂ က နစ်မြုပ်သွားတဲ့ တိုက်တန်းနစ် သင်္ဘောကြီး ပေါ်မှာ ဖျော်ဖြေခဲ့တယ်လို့ ယူဆကြတဲ့ တယော တလက်ကို အင်္ဂလန် အနောက်တောင်ပိုင်းမှာ ပေါင် ၁.၄ သန်းနဲ့ လေလံတင် ရောင်းချ ခဲ့ပါတယ်။

မူလပိုင်ရှင် တယောဆရာ ရေနစ် သေဆုံးပြီးနောက် အလောင်းမှာ ကပ်ချည်ထားတဲ့ တယောကို ဆယ်ယူပြီး သူ့ရည်းစားဆီ ပြန်ပေးခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ရေခဲတုံးကြီးကို သင်္ဘော ဝင်တိုက်လို့ မြုပ်သွားချိန်မှာ တယောဆရာက ဒီတယောကို ထိုးသွားတယ်လို့ ဆိုစမှတ် ရှိပါတယ်။

ဒီကမ္ဘာကျော် ဇိမ်ခံ သင်္ဘောကြီး နစ်မြုပ်မှုကြောင့် လူ တထောင့်ငါးရာကျော် သေကြေ ပျက်စီး ခဲ့ရပါတယ်။

ဒီတယော သတင်းက လွန်ခဲ့တဲ့ ၇ နှစ်က ပြန်ပေါ်ထွက်လာပြီး တိုက်တန်းနစ် အမှတ်တရ ပစ္စည်း တွေထဲမှာ စျေးအများဆုံး စံချိန်တင် တာလည်း ဖြစ်ပါတယ်။