နယူးဆောက်ဝေး အရေးပေါ် ထုတ်ပြန်

  • 20 အောက်တိုဘာ 2013
australia
Image caption အခြေအနေ အင်မတန် ထိန်းရခက်နေပြီ

သြစတြေးလျ နိုင်ငံ အရှေ့တောင်ပိုင်းက နယူးဆောက်သဝေးပြည်နယ်မှာ တောမီး အခြေအနေ ပိုမိုဆိုးရွားလာလို့ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

အခြေအနေက အင်မတန် ထိန်းရခက်နေလို့ ပိုဆိုးလာနိုင်ကြောင်း နယူးဆောက်သဝေး တောမီး ထိန်းချုပ်ရေး မင်းကြီး Shane Fitzsimmons က ပြောဆိုသွားပါတယ်။

ရာသီဥတု ပိုမို ပူပြင်း ခြောက်သွေ့ပြီး လေပြင်းတွေ တိုက်လာနိုင်တယ်လို့ ခန့်မှန်းနေကြလို့ တောမီးကို ပိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆယ်စုနှစ် အတွင်း ဒီပြည်နယ်မှာ အဆိုးရွားဆုံး ကျွမ်းလောင်တဲ့ တောမီးကြောင့် အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး ငြှိမ်းသတ်လို့ မရ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ