ဆီးရီးယား ကွန်ဖရင့် ကျင်းပဖို့ရှိ

  • 20 အောက်တိုဘာ 2013
syria
Image caption ဟာမာမြို့မှာ ပေါက်ကွဲမှုကြီးဖြစ်

ကာလရှည်ကြာ စောင့်ဆိုင်း လာခဲ့ရတဲ့ ဆီးရီးယား အရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက်မှာ လုပ်မှာဖြစ်ကြောင်း အာရပ် အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြား လိုက်ပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ Nabil El-Arabi နဲ့ ဆီးရီးယား အထူး ကိုယ်စားလှယ် မစ္စတာ လက်ခဒါ ဘရာဟီမီတို့ တွေ့ဆုံ ပြီး ဒီလို ကြေညာ လိုက်တာပါ။

ဒီဆွေးနွေးပွဲကို ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်တွေ မပါရင် ဖြစ်မှာ မဟုတ်လို့ တက်ရောက် ကြဖို့ အနောက်အုပ်စုနဲ့ အာရပ်ခေါင်းဆောင်တွေက ဆော်သြ နေကြပြီး အင်္ဂါနေ့မှာ သူတို့ တွေ့ကြဖို့ ရှိပါတယ်။

ဒီလို ပြောဆို နေချိန်မှာပဲ ဟာမာမြို့မှာ ကားဗုံးပေါက်ကွဲလို့ လူ ၃ဝ ခန့် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ