သြစတြေးလျ တောမီး ထိန်းရခက်ဆဲ

  • 21 အောက်တိုဘာ 2013
Image caption နေအိမ်ပေါင်း ၂၀၀ ကျော် ဆုံးရှုံးရပြီး ဖြစ်

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ် ပြည်နယ်မှာ နေရာ ၃ နေရာက တောမီးကြီး တွေဟာ အင်မတန် ကြီးမားတဲ့ တောမီးကြီး တစ်ခုအဖြစ် ပေါင်းစပ်မသွားဖို့အတွက် မီးသတ်သမားတွေက လေပြင်းနဲ့ မီးအပူဒဏ်ကို အံတုရင်း ကြိုးစား ဟန့်တားနေဆဲ ဖြစ်ပါတယ်။

အဲဒီလိုသာ တောမီး ၃ ခု ပေါင်းစပ်သွားရင်တော့ ကီလိုမီတာ ရာနဲ့ချီ ကျယ်ပြန့်တဲ့ မီးလောင်ပြင်ကြီး ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ် လေပြင်းတွေ ထပ်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတာကြောင့် မီးသတ်သမားတွေရဲ့ ကြိုးစား ငြိမ်းသတ်မှုတွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကျေးလက် မီးသတ်ဌာနတွေကတော့ အခြအေနဟာ အင်မတန်မှ ကြီးမားလှတဲ့ အရေးပေါ် အခြေအနေမျိုးဖြစ်တယ်လို့ ဖော်ပြ ပြောဆိုပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ကလေးတချို့ကို စတင် မီးရှို့ခဲ့မှုနဲ့ ရဲက စွဲချက်တင်ထားပါတယ်။

အိမ်ပေါင်း ၂၀၀ ကျော်ကတော့ မီးလောင် ဆုံရှုံးသွားရပြီ ဖြစ်ပါတယ်။