ဘရာဇီးမှာ လုံခြုံရေး တိုးမြှင့်

  • 21 အောက်တိုဘာ 2013
Image caption ဘရာဇီးလ် နိုင်ငံက ဆန္ဒပြ ချီတက်ပွဲ

ဘရာဇီး နိုင်ငံမှာ ဒီနေ့ တနင်္လာနေ့မှာ ကျင်းပမယ့် အရေးပါတဲ့ ရေနံတူးခွင့်လိုင်စင် လေလံပွဲ တခု မတိုင်ခင် ရီယိုဒီဂျနဲရိုး မြို့က လမ်းတွေပေါ်မှာ အစိုးရက ကြည်းတပ် ၊ ရေတပ် ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး အရာရှိ တထောင်ကျော်ကို တာဝန် ချထားပါတယ်။

တနင်္လာနေ့မှာ ပြုလုပ်မယ့် ၊ ပြည်ပ က ကုမ္ပဏီကြီး ၁၁ ခု စိတ်ဝင်စားနေတဲ့ ဘရာဇီးက အကြီးဆုံး ရေနံမြေ တူးခွင့် လိုင်စင် တင်ဒါပွဲ မတိုင်ခင် ၊ ဆန္ဒပြပွဲ ပြင်ဆင်နေမှုတွေကို ကာကွယ်ဖို့ ၊ အစိုးရက လုံခြုံရေးတွေ တိုးမြှင့်ချထားတာ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံမှာ ကျောင်း ဆရာ ၊ ဆရာမ တွေရဲ့ ဆန္ဒပြမှုတွေနဲ့ ရေနံတွင်း လိုင်စင် လေလံပွဲ ကို ရေနံတွင်း အလုပ်သမားတွေ သပိတ်မှောက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ လွန်ခဲ့တဲ့ သီတင်းပတ် တုန်းက ရီယိုဒီ ဂျနဲရိုးမြို့မှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက လုံခြုံရေး တင်းကျပ်ထားခဲ့တာ ဖြစ်ပါတယ်။