ခမာ ခေါင်းဆောင် ၂ဦးကို ထောင်တစ်သက် ချမယ်

  • 21 အောက်တိုဘာ 2013
Image caption ကုလ ကျောထောက်နောက်ခံပြုထားတဲ့ ခမာ တရားရုံး

ကမ္ဘာဒီယားနိုင်ငံမှာ သက်ရှိထင်ရှား ရှိနေ သေးတဲ့ ခမာနီ လက်ထက်က ထိပ်တန်း ခေါင်းဆောင် ၂ ဦးကို အမြင်ဆုံး ထောင်ဒဏ် အဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ဖို့ ခမာနီ တရားရုံးက အစိုးရ ရှေ့နေ တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံအကြီးအကဲဟောင်း ခယူဆန်ဖန်နဲ့ နျူရမ်ချီ တို့ကို ၁၉၇၀ ခုနှစ်တွေအတွင်း စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ ညှဉ်းပမ်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ခမာနီတွေ အာဏာရှိစဉ်က တိုင်းပြည်ကို မော်စီတုန်းရဲ့ လယ်ယာမြေ တော်လှန်ရေး အတွေးအခေါ် အတိုင်း မူဝါဒချမှတ်ဖို့ ကြိုးပမ်းရာမှာ လူပေါင်း ၁ သန်းကျော်ဟာ အစာရေစာ ငတ်မွတ်မှု၊ မတရား ခိုင်စေမှုနဲ့ အစုလိုက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားခဲ့ကြရတာ ဖြစ်ပါတယ်။

အခုတော့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားတဲ့ တရားရုံးကနေ သူတို့ နှစ်ဦးကို ရှေ့နှစ်အစောပိုင်းမှာ စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။