ဂျပန် နျူစက်ရုံအနီး ရွာတွေ သန့်စင်ဖို့ နှောင့်နှေး

  • 21 အောက်တိုဘာ 2013
Image caption ဓာတ်ရောင်ခြည်သင့်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံ

ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံအနီးက မြို့ရွာ ၆ ခုကို ဓာတ်ရောင်ခြည် သင့်မှုတွေကနေ သန့်ရှင်းသွားအောင် လုပ်ဖို့ ၃ နှစ်လောက် ကြာဦးမှာ ဖြစ်တယ်လို့ ဂျပန် အစိုးရက ပြောကြားလိုက်ပါတယ်။

အဲဒီ မြို့ရွာတွေကို ပြန်ပြီး သန့်ရှင်းအောင် လုပ်တဲ့ ကိစ္စဟာ မူလထင်တာထက် ပိုမို ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက စက်ရုံမှာ နျူကလီးယား လောင်စာ အချောင်းတွေ အရည်ပျော်ခဲ့ချိန်က အဲဒီက လူတွေကို ဘေးကင်းရာကို ပြောင်းရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။

မြို့ရွာ သန့်ရှင်းမှု ကိစ္စတွေကို အလုပ်သမား သောင်းနဲ့ချီ ဆောင်ရွက်ကြမှာဖြစ်ပြီး ဓာတ်ရောင်ခြည်သင့်မှု အများဆုံး ရှိခဲ့တဲ့ ဒေသတွေကို သန့်ရှင်းမှုတွေ အရင် စတင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လူအများကတော့ အဲဒီနေရာတွေကို ဘယ်တော့မှာ ပြန်မလာဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။