Jovanka Broz အသက် ဂဂ နှစ်မှာ ကွယ်လွန်

  • 21 အောက်တိုဘာ 2013
Image caption Jovanka Broz နဲ့ ခင်ပွန်းသည် မာရှယ် တီတိုး

အရင် ယူဂိုဆလား ဗီးယား သမ္မတဟောင်း ဗိုလ်ချုပ်ကြီး တီးတို ရဲ့ ဇနီး Jovanka Broz ဟာ အသက် ဂဂ နှစ် အရွယ်မှာ ဘဲလ်ဂရိတ် မြို့မှာ မနေ့က ကွယ်လွန်သွားပါပြီ။

သူဟာ ၁၉၅ဝ နှစ် အစောပိုင်းတွေတုန်းက Jozif Broz Tito ကို လက်ထပ်ခဲ့ပြီး သူ့ကို ခေတ်ဆန် လှပတဲ့ သမ္မတ ကတော် အဖြစ် အဲဒီ အချိန်တုန်းက မှတ်ယူခဲ့ကြပါတယ်။

နောက်တက်လာတဲ့ အစိုးရသစ်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်လိုက်ပြီး ယိုဗင်ခါ ဘရိုးဇ် ကို တယောက်တည်း အိမ် အကျယ်ချုပ် ချထားခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ နှစ်တွေ အတွင်း ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား စစ်ပွဲ ပြီးသွားခဲ့ပြီးတဲ့နောက် ဆာဘီးယား အစိုးရက သူ့နေထိုင်ရေး ကိစ္စတွေကို ပိုမို ကောင်းမွန်လာအောင် စီစဉ် ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဆာဘီးယား ဝန်ကြီးချုပ် ကတော့ တိုင်းပြည်မှာ ယိုဗင်ကာရဲ့ သမိုင်း ဖြစ်ရပ်တွေကို ပြန်ပြောပြ ပေးနိုင်မယ့် အရေးပါတဲ့ မျက်မြင်သက်သေတွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အစိုးရက လိုက်လျောတဲ့ အနေနဲ့ ယိုဗင်ကာ ဘရိုးဇ် ရဲ့ အလောင်းကို ခင်ပွန်းသည် ဖြစ်သူ သမ္မတဟောင်း တီတိုးရဲ့ ဂူဗိမ္မာန် မှာဘဲ မြုပ်နှံမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။