ဘရာဇီး ရေနံတွင်းသစ် တူးခွင့်လိုင်စင် တရုတ် အစိုးရပိုင် ကုမ္ပဏီ ရရှိသွား

  • 22 အောက်တိုဘာ 2013
Image caption ဆန္ဒပြသမားတွေ မူးမေ့စေတဲ့ လက်နက်တွေသုံးပြီး နှိမ်နင်းခဲ့

ဘရာဇီးနိုင်ငံက အကြီးဆုံး ရေနံတွင်းသစ် တခု တူးခွင့်လိုင်စင်ကို တရုတ် အစိုးရပိုင် ရေနံ ကုမ္ပဏီက ရရှိသွားပြီး ဘရာဇီးနဲ့ တရုတ် အစိုးရ ရေနံ ကုမ္ပဏီ တို့ရဲ့ ပူးပေါင်းမှုကို တိုတယ်နဲ့ ရှဲလ် စွမ်းအင် ကုမ္ပဏီတွေက ထောက်ခံခဲ့ကြပါတယ်။

ရေနံတွင်းတူးခွင့် လိုင်စင် စျေးပြိုင် လေလံတင်ပွဲ ကျင်းပတဲ့ ဟော်တယ်ကို အစောင့်အကြပ် တထောင်ကျော်နဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

လေလံပွဲ မကျင်းပခင် သပိတ်မှောက် ရေနံတွင်း အလုပ်သမားတွေ ပါတဲ့ ဆန္ဒပြသမားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေ ၊ လူကို မူးမေ့စေတဲ့ လက်နက် တွေနဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ပါတယ်။

ဘရာဇီးမှာ အခုလိုင်စင် ချပေးလိုက်တဲ့ ရေနံတွင်းသစ်ကနေ လက်ရှိ ထုတ်နေတဲ့ ပမာဏထက် ရေနံ နှစ်ဆ တိုးထုတ်နိုင်မှာ ဖြစ်ပေမယ့် အခုလို နိုင်ငံခြား ကုမ္ပဏီ တွေကို လိုင်စင် ပေးတာဟာ တိုင်းပြည် အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။