ယူကလစ်က ရွှေထုတ်နိုင်သလား

  • 23 အောက်တိုဘာ 2013
gold
Image caption ဓာတ်ရောင်ခြည်သုံးပြီး ရွှေမှုန် တွေ ရှာဖွေ တွေ့ရှိ

ယူကလစ်လို အပင်တွေ အောက်ခြေ ပေ တရာလောက်မှာ ရွှေကြော ရှိနိုင်တယ်လို့ သြစတြေးလျ ပညာရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။

ယူကလစ်ပင် တချို့ရဲ့ သစ်ရွက်၊ သစ်ဖုနဲ့ သစ်ခေါက် တွေမှာ ဓာတ်ရောင်ခြည် သုံးပြီး ရွှေမှုန် တွေကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ရွှေရှာတာက တခြား နည်းတွေထက် ပိုပြီး သန့်ရှင်းတယ် လို့လည်း ဆိုပါတယ်။

ရွှေတင်မက ကြေးနီ၊ ခဲနဲ့ သွပ်ဓာတ် တွေကိုလည်း ဒီနည်းနဲ့ ရှာဖွေနိုင်ကြောင်း သိရှိ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ