အိန္ဒိယ အမတ်ကို ပါလီမန်က ထုတ်ပယ်

  • 22 အောက်တိုဘာ 2013
Image caption မီးရထားဝန်ကြီးဟောင်းကို အဂတိမှုနဲ့ ရုံးထုတ်စဉ်

အိန္ဒိယနိုင်ငံမှာ အထင်ကရ နိုင်ငံရေးသမား တစ်ဦးဟာ အဂတိ လိုက်စားမှုနဲ့ ပြစ်မှု ထင်ရှား ခဲ့အပြီး သူ့ကို ပါလီမန်ကနေ ထုတ်ပယ်လိုက် ပါတယ်။

အဲဒီ အထင်ကရ နိုင်ငံရေးသမားဖြစ်တဲ့ မီးရထား ဝန်ကြီး လာလူး ပရာဆက်ဒ် ယာဒက်ဗ် ဟာ တခြား နိုင်ငံရေးသမားတွေ၊ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ၄၄ဦး နဲ့အတူ အစိုးရငွေတွေ အလွဲသုံးစားခဲ့မှုနဲ့ ပြီးခဲ့တဲ့ လတုန်းက ပြစ်မှု ထင်ရှားခဲ့တာ ဖြစ်ပါတယ်။

ဘီဟား ပြည်နယ် ဝန်ကြီးချုပ် အဖြစ် သူ တာဝန်ယူ ဆောင်ရွက်စဉ်တုန်းက ကျွဲနွားတွေအတွက် အစာ ဝယ်ယူဖို့ လျာထားတဲ့ အစိုးရငွေတွေကို အလွဲသုံးစား လုပ်ခဲ့တဲ့အတွက် ပြစ်မှု ထင်ရှားခဲ့တာပါ။

မစ္စတာ ယာဒက်ဗ်ဟာ အခုအခါ ထောင်ဒဏ် ၅ နှစ် ကျခံနေရပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြစ်မှု ထင်ရှားတဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေ ရာထူး လက်ကိုင်ထားမှုကို အခုလက်ရှိ တရားရုံးချုပ်က တားမြစ်ခဲ့အပြီး လွှတ်တော်အမတ်နေရာ လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေး သမားတွေထဲမှာ မစ္စတာ ယာဒက်ဗ်ဟာ ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။