အိန္ဒိယ ကြက်သွန်စျေးတက်

  • 22 အောက်တိုဘာ 2013
onion
Image caption မနှစ်က ရောင်းစျေးထက် ၅ ဆ ပိုပေးဝယ်နေရ

အိန္ဒိယမှာ မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်း ဖြစ်တဲ့ ကြက်သွန်စျေး မကြုံဖူးအောင် ထိုးတက် သွားပြီး တချို့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ် နေရ ပါတယ်။

မနှစ်က ဒီအချိန်မှာ ရောင်းတဲ့ ဝယ်တဲ့စျေး ထက် ၅ ဆ လောက် ကွာကြောင်း လေ့လာသူ တဦးက ပြောပါ တယ်။

ဒီလို ထိုးတက် ရတာက ကြက်သွန်စိုက်တဲ့ ဒေသတွေမှာ အချိန်အခါ မဟုတ် မိုးအကြီးအကျယ် ရွာသွန်းတာနဲ့ ကုန်သည်တွေ သိမ်းကျုံး ဝယ်လို့ ဖြစ်ကုန် ရတာလို့ ပြောဆို နေကြ ပါတယ်။

ကြက်သွန်စျေး ကျဖို့ ကြက်သွန် ပြည်ပ ပို့တာ တားမြစ်ဖို့ စဉ်းစား နေကြောင်း အိန္ဒိယ အရာရှိ တွေက ပြောဆို နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ