သတင်းထောက် လွှတ်ဖို့ တရုတ်သတင်းစာ ဖော်ပြ

  • 23 အောက်တိုဘာ 2013
သူ့ကိုလွှတ် ဆိုတဲ့ ခေါင်းစီး ၃ လုံး

တရုတ်သတင်းစာ တစ်စောင်က တရုတ်အစိုးရ ဖမ်းထားတဲ့ သူတို့ရဲ့ သတင်းထောက်တစ်ဦးကို ပြန်လွှတ်ပေးဖို့ မျက်နှာဖုံးသတင်း ရေးသားပြီး ရှားရှားပါးပါး တောင်းဆိုလိုက်ပါတယ်။

ချန်ယောင်ကျိုး ဆိုတဲ့ အဲဒီသတင်းထောက်ကို တရုတ် ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီကြီး တစ်ခုအပေါ် သိက္ခာညှိုးနွမ်းအောင် ဆောင်ရွက်တယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက ဖမ်းဆီခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းထောက်လှမ်းပြီး ဆက်တိုက် ရေးသားခဲ့တဲ့ သူ့ရဲ့ သတင်းတွေထဲမှာ တရုတ်အစိုးရက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ အဲဒီ ကုမ္ပဏီထဲမှာ ငွေကြေး အလွဲသုံးစားမှုတွေ ရှိတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။ ဒါကို ကုမ္ပဏီဘက်က ငြင်းဆိုခဲ့ပြီး ရဲကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

New Express သတင်းစာ မျက်နှာဖုံးရဲ့ သုံးပုံတစ်ပုံမှာ သူ့ကိုလွှတ် ဆိုတဲ့ တရုတ်စာလုံး ၃ လုံးကို ခေါင်းစဉ်အဖြစ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။