စစ်ရာဇဝတ်မှု စုံစမ်းရေး သီရိလင်္ကာ မကူ

  • 23 အောက်တိုဘာ 2013
pillay
Image caption သီရိလင်္ကာ က အရေးမယူရင် နိုင်ငံတကာ စစ်ဆေးလာနိုင်

တမီလ် သူပုန် တွေနဲ့ ဖြစ်ပွားတဲ့ သီရိလင်္ကာ ပြည်တွင်းစစ် အတွင်း စစ်ရာဇဝတ်မှု တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာ စစ်ဆေးမှု တွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ သီရိလင်္ကာ အစိုးရ က ပြောကြား ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် သီရိလင်္ကာ ပြည်တွင်းစစ်ကြီး အဆုံးသတ် ခါနီး လတွေတုန်းက ဖြစ်ပွားခဲ့မှု တွေကို ရည်ရွယ် ပြစ်တင် ပြောကြား မှုတွေ ရှိနေပါတယ်။

ဒီစွပ်စွဲမှု တွေ အပေါ် သီရိလင်္ကာ ဘက်က နောက်နှစ် မတ်လ အထိ အရေးတယူ ထားပြီး မတုံ့ပြန်ဘူး ဆိုရင် နိုင်ငံတကာ စစ်ဆေးမှုတွေ လိုအပ် လာနိုင် တယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာ မင်းကြီး နာဗီ ပီလေး က ပြောကြား ခဲ့ပါတယ်။

အစိုးရ စုံစမ်း စစ်ဆေးမှု တွေက လွတ်လပ်တဲ့ စုံစမ်းမှုတွေ ဖြစ်ပါတယ်လို့ပဲ သီရိလင်္ကာ အစိုးရက ပြောဆို နေတုန်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ