AIDS ကုထုံး ပေါ်ဖို့ အခက်ကြုံ

  • 24 အောက်တိုဘာ 2013
aids
Image caption ရောဂါ အရှင်းပျောက်မယ့်ဆေး ပေါ်ဖို့ဝေးဆဲ

ကမ္ဘာပေါ်က AIDS ရောဂါ ဝေဒနာရှင် သန်းပေါင်း များစွာ အတွက် ကုစား နိုင်မယ့် ကုထုံး တရပ် ဖော်ထုတ်နိုင်ဖို့ ဟာ သိပ္ပံ ပညာရှင် တွေ စိုးရိမ်တာ ထက် ပိုပြီး ခက်ခဲ နိုင်တယ်လို့ သုတေသန တွေ့ရှိချက် အသစ်တွေ က ဖော်ပြ နေပါတယ်။

၃ နှစ်တာ လေ့လာချက် များအရ AIDS ရောဂါ ဖြစ်ပေါ် စေတဲ့ HIV ဗိုင်းရပ်စ်ပိုး ပမာဏဟာ အရင်က ထင်ထားတာထက် အဆ ၆ဝ ကျော် ပိုပြီး ကြီးနေတာကို တွေ့ရှိ လာရပါတယ်။

HIV ပိုး ကူးစက် ခံထားရတဲ့ လူတယောက်ဟာ ARV ဆေး သောက်တာ ရပ်လိုက်တာ နဲ့ ပိုးပမာဏ ဘာကြောင့် ချက်ချင်း ပြန်တက် လာရတာလဲ ဆိုတာကို ကလာပ်စည်း သိပ္ပံ ဂျာနယ်မှာ ရှင်းပြ ထားပါတယ်။

ဗိုင်းရပ်ပိုး အုပ်စုကြီးကို ဖြိုခွင်းနိုင်တဲ့ ဆေးဝါး တွေသည်သာလျှင် ဒီရောဂါ လုံးဝ ကင်းစင်သွားအောင် ကုသ နိုင်လိမ့်မယ်လို့ သုတေသီ အကြီးအမှူးက ပြောပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ