ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ လျော်ကြေးမရ

  • 24 အောက်တိုဘာ 2013
Image caption နစ်နာကြေး ရဖို့ ဆန္ဒပြကြတဲ့ အသက်ရှင် ကျန်ရစ်သူများ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အထည်ချုပ် စက်ရုံတွေ ရှိရာ အထပ်မြင့် အဆောက်အဦ ပြိုကျခဲ့ပြီး နောက် ခြောက်လကြာတဲ့ အခုအချိန်မှာ စစ်တမ်း ကောက်ယူချက်အရ ထိခိုက်နစ်နာသူ အများစုဟာ နစ်နာကြေး မရသေးဘူလို့ သိရပါတယ်။

အဲဒီ ရာနာ ပလာဇာ ပြိုကျမှုမှာ သေဆုံးသွားခဲ့တဲ့ ဆွေမျိုး မိသားစုတွေနဲ့ အသက်မသေဘဲ ကျန်တဲ့သူ သုံးပုံ နှစ်ပုံနီးပါးကို Action Aid ပရဟိတ အဖွဲ့က မေးမြန်း စစ်တမ်းကောက်ယူတဲ့ အခါ သူတို့အထဲက ခြောက်ရာခိုင်နှုန်းလောက်ပဲ နစ်နာကြေး ရသေးတယ်လို့ ဆိုပါတယ်။

အသက်ရှင် ကျန်ရစ်သူ အများစုဟာ အလုပ်ပြန် မဆင်းကြသေးဘဲ စစ်တမ်း ကောက်ယူချက်မှာတော့ သူတို့ဟာ ကိုယ်လက်အင်္ဂါ ထိခိုက်မှုတွေကြောင့် အလုပ်ခွင် ပြန်မဝင်နိုင်ကြသေးတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အသက်မသေဘဲ ကျန်ရစ်တဲ့ အလုပ်သမားတွေကို လစာ တိုးပေးသင့်ပါတယ်၊ သူတို့ ဘဝ လုံခြုံ စိတ်ချ ဘေးကင်းစေဖို့ ဘာမဆို လုပ်ပေးဖို့ လိုပါတယ်လို့ အဆောက်အဦ ပြိုကျတုန်းက အပျက်အစီးတွေကြား ၁၇ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ရက်ရှမာ ဘေဂမ် ဆိုတဲ့ အမျိုးသမီးလေးက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရာနာ ပလာဇာ အဆင့်မြင့် အဆောက်အဦ ပြိုကျမှုမှာ လူပေါင်း တစ်ထောင့် တစ်ရာကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ