အမျိုးသမီး ၁၀၀ အစီအစဉ် ဘီဘီစီ ကျင်းပ

  • 25 အောက်တိုဘာ 2013
Image caption ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်။

ကမ္ဘာတလွှားက ထူးချွန်သူ အမျိုးသမီး အယောက် ၁၀၀ နဲ့ ဘီဘီစီ ပရိသတ်တို့ အွန်လိုင်းနဲ့ လူတွေ့ ဆွေးနွေးပွဲတွေကို ဘီဘီစီ လန်ဒန် ရုံးချုပ် ဖြစ်တဲ့ Broadcasting House မှာ ဒီကနေ့ လက်ခံ ကျင်းပနေ ပါတယ်။

ဆွေးနွေးတဲ့ အကြောင်းအရာကတော့ ယောက်ျား မိန်းမ တန်းတူ ညီမျှမှု ဆိုတဲ့ ခေါင်းဆောင်စဉ်နဲ့ ဖြစ်ပါတယ်။

ဘီဘီစီက အမျိုးသမီး ၁၀၀ အချိန်ကာလအဖြစ် တစ်လတာ သတ်မှတ်ပြီး အဲဒီ တစ်လအတွင်းမှာ အမျိုးသမီးတွေ ၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ နှစ်ပတ်လည် ဆန်းစစ်ချက်အရ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်စွမ်းဆောင်နိုင်မှု တိုးမြင့်လာတယ်လို့ ဖေါ်ပြထားပါတယ်။