ဘိုရှီလိုင် အယူခံ ရှုံးနိမ့်သွား

  • 25 အောက်တိုဘာ 2013
Image caption ဘိုရှီလိုင်ကို အယူခံ တရားရုံးမှာ တွေ့ရစဉ်။

အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစား မှုတွေကြောင့် ထောင်ဒဏ် တစ်သက် စီရင်ချက် ချမှတ်ခံထားတဲ့ တရုတ် နိုင်ငံရေးသမား ဘိုရှီလိုင်ရဲ့ အယူခံကို တရားရုံးကနေ ပယ်ချ လိုက်ပြီး ထောင်ဒဏ် တစ်သက် ကျခံဖို့ကို ထောက်ခံ အတည်ပြုလိုက်ပါတယ်။

ယခင် စီရင်ချက်ဟာ အချက်အလက် ခိုင်မာမှု ရှိကြောင်း၊ လုံလောက်တဲ့ သက်သေ အထောက်အထားတွေကို အခြေခံပြီး ချမှတ်ခဲ့တာလို့ အခု တရားရုံးက ယုံကြည်ကြောင်း၊ ဘိုရှိလိုင်ရဲ့ ပြစ်မှုတွေဟာ မှန်ကန်ပြီး စီရင်ချက်ဟာလည်း သင့်လျော် မှန်ကန်ကြောင်း အယူခံတရားရုံးက ပြောခွင့်ရသူက ဟူ ဂျီယန်ဂျွန်က ပြောပါတယ်။

အရင် ချုန်ချင်းမြို့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ ဘိုဟာ စက်တင်ဘာလက ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘိုရှီလိုင်ရဲ့ ဇနီးဟာလည်း ဗြိတိသျှ လုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ ၂၀၁၂ ခုနှစ်မှာ ပြစ်မှုထင်ရှားခဲ့ပြီး အဲဒီအချိန်ကတည်းက ဘိုရှီလိုင်ဟာ ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ