ဒုက္ခသည် ၇၀၀ ကျော် အီတလီ ကယ်တင်

Image caption အာဖရိကမှ ဝင်ရောက်လာတဲ့ အသက်ရှင် ကျန်ရစ်သူအချို့

စစ္စလီ ရေလက်ကြားမှာ နေ့ရောညပါ ပြုလုပ် နေတဲ့ ဒုက္ခသည် စောင့်ကြည့်ရေး လုပ်ငန်းစဉ် တွေအတွင်း လူပေါင်း ၇၀၀ ကျော်ကို ကယ် တင်ခဲ့ပြီလို့ အီတလီ အာဏာပိုင်တွေက ပြော ပါတယ်။

ဒုက္ခသည် အများစုဟာ ဆီးရီးယားက ထွက်ပြေးလာ ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းက အီတလီ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင် တဝိုက်မှာ သင်္ဘောတွေ မြုပ်လို့ ရွှေ့ပြောင်း ဝင်ရောက်လာသူ ၃ ရာကျော် သေဆုံး ခဲ့ရပြီးနောက် ဥရောပ သမဂ္ဂကနေ ကင်းလှည့် စောင့်ကြည့်မှုတွေကို တိုးမြှင့် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့အပြီး အီတလီက အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လူတွေကို ကယ်ဆယ်ရမှုတွေဟာ နေ့စဉ်လိုလို ဖြစ်နေပြီး အများစုကို အီတလီက လမ်ပီဒူဇာ ကျွန်းကို ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းပေါ်က ဒုက္ခသည်တွေအတွက် ဆောက်ထားတဲ့ အဆောက်အဦး တွေမှာလည်း သတ်မှတ်ထားတဲ့ အရေအတွက်ထက်ကို ၂ ဆလောက် ထားနေရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ