အီရန်အစိုးရက သူပုန်တွေကို ကွပ်မျက်

  • 26 အောက်တိုဘာ 2013

အီရန် နယ်ခြားစောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၄ ဦး ချုံခို တိုက်ခိုက် ခံရပြီး သေဆုံး သွားခဲ့ ရတာကို ပြန် လက်စား ချေတဲ့ အနေနဲ့၊ အီရန် အစိုးရ ကနေ အရင်က ဖမ်းဆီး ထားတဲ့ သူပုန် ၁၆ ဦးကို ကြိုးပေး ကွပ်မျက် လိုက်ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာက ကြေညာသွား ပါတယ်။

ဒီကွပ်မျက် ခံရသူ သူပုန်တွေနဲ့ ချုံခို တိုက်ခိုက်မှု ဘယ်လို ဆက်စပ် နေသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါ။

အီရန် တပ်ဖွဲ့ဝင် အရေအတွက် အများ အပြားလည်း ဓားစာခံ အဖြစ် ဖမ်းဆီး ခံလိုက်ရတယ်လို့ နိုင်ငံပိုင် သတင်းက ပြောပါတယ်။

ပါကစ္စတန်နဲ့ နယ်ခြား ဆာရာဗန် မြို့ပြင်က တောတောင် ထူထပ်တဲ့ ဒေသမှာ အီရန် နယ်ခြားစောင့် တပ်တွေဟာ သေနတ် သမားတွေနဲ့ တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ တာပါ။

တိုက်ခိုက်သူတွေ ဘယ်သူ ဖြစ်တယ် ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရသေး ပေမယ့်လို့၊ ဆာရာဗန် ပါလီမန် အမတ် တဦး ကတော့ သေနတ် သမား တွေဟာ တန်ပြန် တော်လှန်ရေး ပျောက်ကြားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ