al-Nusra တပ်ဦးခေါင်းဆောင် အသတ်ခံ ခဲ့ရကြောင်း သတင်းထွက်

  • 26 အောက်တိုဘာ 2013
Image caption Latakia သူပုန် အဖွဲ့တွေကို တွေ့ရပုံ

ဆီးရီးယား အစ္စလာမ် ဝါဒီ သူပုန် အဖွဲ့ al-Nusra front ရဲ့ခေါင်းဆောင် Mohammed al-Joulani ဟာ ကမ်းရိုးတမ်း ပြည်နယ် တခုဖြစ်တဲ့ Latakia မှာ အသတ်ခံ ခဲ့ရတယ်လို့ ဆီးရီးယား ရုပ်သံနဲ့ အစိုးရ သတင်းအေဂျင်စီ တို့မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ ကတော့ အယ်နော်ဆရာ တပ်ဦး ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်း ကြည့်တဲ့ အခါ ဒီသတင်းကို ငြင်းပယ်ခဲ့ကြောင်း ပြောပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီ သတင်းကို သူတို့ ပြန်ရုတ်သိမ်းခဲ့ပါတယ်။

အယ်နော်ဆရာ တပ်ဦး အဖွဲ့ဟာ အယ်ကိုင်းဒါးနဲ့ ဆက်စပ်မှု ရှိပြီး ဆီးရီးယား သူပုန် အဖွဲ့တွေထဲမှာ အင်အား အကြီးဆုံး အဖွဲ့ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ ဒီအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံမြောက်ပိုင်း Al Safira ရာ အရပ်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ဆိုးဆိုးရွားရွား ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် ထွက်ပြေးလာတဲ့ ဒုက္ခသည် တသိန်း သုံးသောင်းကျော် ရှိတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်သွားရသူတွေ များလာလို့ မထိန်းချုပ်နိုင် ဖြစ်လာတာကြောင့် ဒုက္ခသည်တွေဟာ တခြားနေရာကို စွန့်ခွာပြေးဖို့ ဖိအားပေးခံခဲ့ရပါတယ်။

လူမှု ကယ်ဆယ်ရေး အကူအညီတွေ မလုံလောက် ဖြစ်နေပြီး ဆေးဝါး ကုသမှုတွေကိုလည်း တခါတရံမှာ အကန့်အသတ်နဲ့ စောင့်ရှောက်မှု ပေးနေရတယ်လို့ MSF က ပြောပါတယ်။

ဆီးရီးယား ဒုက္ခသည် နှစ်သန်းခွဲကျော်လောက် ရှိပြီး ဒီပမာဏဟာ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းတွေ အကူညီပေးနိုင်တဲ့ အရေအတွက်ထက် ပိုများနေတယ်လို့ နယူးယောက်မြို့က လုံခြုံရေး ကောင်စီမှာကုလသမဂ္ဂ လူသားချင်း စာနာကူညီရေး ဆိုင်ရာ အကြီးအကဲ Valerie Amos က ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ