ဘင်္ဂလား သပိတ်ကြီး လူသေမှု ရှိ

  • 27 အောက်တိုဘာ 2013
bangladesh strike
Image caption ရုန်းရင်းဆန်ခတ် မဖြစ်ပွားအောင် ရဲတွေ ချထား

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနှံ့ ဖြစ်ပွားနေတဲ့ အထွေထွေ သပိတ်ကြီး စတဲ့ရက်မှာပဲ ရဲနဲ့ ဆန္ဒပြသူတွေ အချင်းများလို့ သေဆုံးသူ ၅ ယောက်ထက် မနည်း ရှိသွားပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ အတိုက်အခံ ဘီအန်ပီ ပါတီက ၃ ရက်ကြာ နိုင်ငံလုံးကျွတ် သပိတ်ကြီးမှောက်ဖို့ တောင်းဆို ထားတာ ဖြစ်ပါတယ်။

ဒါကာ မြို့တော် ရဲမင်းကြီး Sheikh Mehedi Hasan ကတော့ နောက်ထပ် ရုန်းရင်းဆန်ခတ်တွေ မဖြစ်ပွားအောင် ရဲတွေ ချထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ရွေးကောက်ပွဲတွေကို နိုင်ငံရေး သမား မဟုတ်တဲ့ အိမ်စောင့် အစိုးရ က ကြီးမှူး ကျင်းပ စေလိုတဲ့ ဘီအန်ပီ နဲ့ အာဏာရ အဝါမီ အဖွဲ့ချုပ်အကြား အကြီးအကျယ် သဘော ကွဲလွဲပြီး သပိတ် တိုက်ပွဲ ဆင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ