သတင်းစာတွေကို ကင်မရွန်း ဟန့်တား

  • 28 အောက်တိုဘာ 2013
cameron uk
Image caption သတင်းစာ တွေ တာဝန် ယူမှ ရမယ်

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဆီက ပေါက်ကြားတဲ့ စာရွက် စာတမ်း တွေကို ဗြိတိန် သတင်းစာတွေမှာ ပုံနှိပ် ဖော်ပြ နေမှုတွေ ရပ်ဆိုင်း သွားအောင် အစိုးရ အနေနဲ့ အရေးယူ ကောင်း ယူလာ နိုင်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြား လိုက်ပါတယ်။

ဂါးဒီးယန်း သတင်းစာက ဖော်ပြတဲ့ ဆောင်းပါး တချို့ကြောင့် ဗြိတိန် နိုင်ငံ လုံခြုံရေး ကို ထိခိုက် လာစရာ တွေ ရှိတယ်လို့ မစ္စတာ ကင်မရွန်းက ပါလီမန်မှာ ပြောကြား ခဲ့တာပါ။

ဥပဒေ ကြောင်းအရ ဆောင်ရွက်တာ၊ ဒါမှမဟုတ် ပိုမို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်တာ မျိုးတွေကို မလုပ်လိုကြောင်း၊ ဒါပေမဲ့ သတင်းစာ တွေက တာဝန်ယူ ဆောင်ရွက်မှု မရှိရင်တော့ အရေး မယူလို့ မဖြစ်တဲ့ အခြေအနေမျိုး ရောက်လာ နိုင်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက သတိပေးသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ