ဖုန်းသူလျှိုမှုကြောင့် ကန်သံအမတ်ကို စပိန်ခေါ်မေး

  • 28 အောက်တိုဘာ 2013
us_ambassador_to_spain_james_costos
Image caption စပိန် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး

စပိန်နိုင်ငံ အတွင်း အမေရိကန် အမျိုးသား လုံခြုံရေး ဌာနက သူလျှိုလုပ်ခဲ့တယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စပိန် အစိုးရ ဝန်ကြီး တွေက အမေရိကန် သံအမတ်ကြီးကို မဒရစ်မြို့မှာ ဆင့်ခေါ် တွေ့ဆုံ ခဲ့ပါတယ်။

တလအတွင်းမှာတင် အမေရိကန်က စပိန် နိုင်ငံအတွင်းမှာ ဖုန်းခေါ်ဆိုမှုပေါင်း သန်း ၆၀ လောက်ကို ခိုးယူ နားထောင် ခဲ့တယ် ဆိုပြီး စပိန် မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ အတွင်းက ဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ် စနိုဒင် ဆီကနေရရှိ ခဲ့တဲ့ အချက်အလက် တွေကို အခြေခံပြီး ဖော်ပြ ကြတာ ဖြစ်ပါတယ်။

ခိုးယူ နားထောင် ခဲ့ရာမှာ ခေါ်ဆိုတဲ့ ဖုန်းတွေရဲ့ နံပါတ် တွေအပြင် ဘယ်နေရာ တွေကနေ ခေါ်ဆိုခဲ့တယ် ဆိုတာကိုလည်း မှတ်သား ထားခဲ့ကြတာ ဖြစ်ပြီး ဒါဟာ စပိန်ရဲ့ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ