တိန်ယန်မင် တိုက်ခိုက်မှု ၂ ဦးကို သံသယရှိ

  • 29 အောက်တိုဘာ 2013
Image caption အသေခံတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းက ဆို

တနင်္လာနေ့တုန်းက တိန်ယန်မင် ရင်ပြင်မှာ ယာဉ်တိုက်မှုနဲ့အတူ မီးလောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဇင်ကျင်းပြည်နယ်က လူ ၂ ဦးကို သံသယရှိသူတွေအဖြစ် တရုတ် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အဖြစ်အပျက်ကြောင့် လူ ၅ ဦး သေဆုံးပြီး နောက်ထပ် လူ ၄၀ လောက် ဒဏ်ရာရသွားခဲ့ပါတယ်။

အတည်မပြုနိုင်သေးတဲ့ ရိုက်တာ သတင်းတစ်ပုဒ်အရဆိုရင် ဒါဟာ အသေခံ တိုက်ခိုက်မှု တစ်ခု ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆနေပါတယ်။

အားကစားသမားတွေအတွက် အသုံးပြုတဲ့ ယာဉ်တစင်းဟာ လုံခြုံရေးအတားအဆီးတွေကို ဝင်တိုက်ပြီး နောက်ထပ် ကိုက် ရာပေါင်းအတော်များများ လူသွားစင်္ကြန်ပေါ်မှာ ဆက်မောင်းခဲ့ပြီးမှ ကားပေါ်ပါတဲ့လူ ၃ ဦးက လောင်ကျွမ်းလွယ်တဲ့ ပစ္စည်းတစ်မျိုးကို မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ လူ ၂ ဦးရဲ့ အမည်တွေနဲ့ ဇင်ကျင်းပြည်နယ်က လာတဲ့ မော်တော်ကား လိုင်စင်နံပါတ်တွေကို မှတ်တမ်းတွေမှာ ပြန်ရှာကြည့်ဖို့ ဘေကျင်းမြို့မှာ ရှိတဲ့ ဟိုတယ်တွေကို တရုတ်ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။

ဇင်ကျင်းပြည်နယ်မှာ ခွဲထွက်ရေးအတွက် ကြိုးစားနေတဲ့ မွတ်ဆလင် ဝိဂါ လူမျိုးစုတွေကြောင့် တင်းမာမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ