တရုတ်က ငြိမ်းချမ်းရေး ခြိမ်းခြောက်တယ်လို့ ဂျပန်ဆို

  • 29 အောက်တိုဘာ 2013
Image caption အငြင်းပွားနေတဲ့ ကျွန်းအနီး တရုတ်သင်္ဘောတွေ ဖြတ်သန်းနေ

အရှေ့ တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်း ပွားနေတဲ့ ကျွန်းစုတဝိုက်မှာ တရုတ်နိုင်ငံရဲ့ အပြုအမူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး အိုဆူ နိုရီ အိုနိုဒီရာက ပြောလိုက်ပါတယ်။

သူ့အဆိုအရ ဂျပန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ရေပြင် အနီးတဝိုက်မှာ တရုတ်နိုင်ငံရဲ့ ကျူးကျော် ဝင်ရောက် မှုတွေဟာ ငြိမ်းချမ်းတဲ့ အခြေအနေနဲ့ အရေးပေါ်အခြေအနေကြား မကွဲပြားလှတဲ့ အပိုင်းအခြားထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ ကျွန်းစုတွေ တဝိုက်မှာ တရုတ်နိုင်ငံဘက်က လှုပ်ရှားမှုတွေ ပိုတွေ့လာရပြီး တကယ်လို့ တရုတ်ဘက်က အဝေးထိန်း လေယာဉ်တွေ နယ်ကျော်ပြီး ဝင်လာရင် ပစ်ချမယ်လို့ ဂျပန်နိုင်ငံဘက်က သတိပေးခဲ့ပြီးနောက်မှာ သူက ခုလိုဆိုခဲ့တာပါ။

ဂျပန်နိုင်ငံရဲ့ ခုနောက်ဆုံး ပြောဆိုမှုတွေဟာ မီးလောင်ရာ လေပင့်သလို ဖြစ်စေတယ်လို့ တရုတ်အစိုးရ သတင်းဌာန ရှင်ဝှာက ဆိုထားပြီး ဂျပန်နိုင်ငံဟာ တင်းမာမှုတွေ ကြီးလာအောင် လုပ်ရင်း စစ်ဖြစ်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ