ပူတင်ရဲ့ ပြိုင်ဖက် နေဗယ်နီကို စွဲချက်သစ်ထပ်တင်

  • 30 အောက်တိုဘာ 2013
Image caption ပူတင် ရဲ့ ပြိုင်ဖက် နေဗယ်လ်နီ

ရုရှားမှာ သမ္မတ ပူတင်ရဲ့ အထင်ရှားဆုံး နိုင်ငံရေး ပြိုင်ဖက် ဖြစ်တဲ့ အဲလက်ဆီ နေဗယ်လ်နီ ဟာ ရာဇဝတ်မှု စွဲချက်သစ် တွေနဲ့ ထပ်မံ တရားစွဲခံနေရပါတယ်။

မော်စကို မြို့တော်ဝန် အဖြစ် ဝင်ရောက် အရွေးခံခဲ့ဖူးတဲ့ မစ္စတာ နေဗယ်လ်နီ ဟာ အလွှဲသုံးစားမှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချခံ ထားရပြီး ဖြစ်ပါတယ်။

အခုတော့ သူ့ကို သူ့ညီအကို တော်စပ်သူ Oleg နဲ့ အတူ ငွေကြေး ခဝါချမှု နဲ့ ထပ်ပြီး တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့အပေါ် စွဲဆိုချက်တွေကို မစ္စတာ နေဗယ်နီက အမြဲတမ်း ငြင်းဆိုခဲ့ပြီး ဒါတွေက နိုင်ငံရေး ပရောဂ ကြောင့် အခုလို တရားစွဲခံရတာလို့ ပြောပါတယ်။